
Network Media Group (NMG)
Network Media Group: Independent News Agency Producing Multimedia Products can be seen on http://www.nmg-news.com, founded 2001 April 1.
Network Media Group (NMG)
သတင်းထုတ်လွှင့်ချက် - (EP - 401)
သတင်းထုတ်လွှင့်ချက် - (EP - 401)
ဖေဖော်ဝါရီလ ၁၃ ရက်၊ ၂၀၂၅ ခုနှစ်။
ဒီနေ့သတင်းတွေထဲမှာတော့ အာဂျင်တီးနား တရားရုံးက စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ နောက်ထပ် စစ်ခေါင်းဆောင် ၂၃ ယောက်တို့ကို နိုင်ငံတကာ ဖမ်းဝရမ်း ထုတ်ပြန်ခဲ့ပါတယ်။
လူကုန်ကူးခံရသူ အယောက် နှစ်ရာကျော်ကို ထိုင်းအာဏာပိုင်တွေဆီ DKBA က လွှဲပြောင်းပေး အပ်လိုက်ပါ တယ်။
ရခိုင်ပြည်၊ စစ်တွေမြို့နယ်ထဲက စစ်ကောင်စီရဲ့ တပ်စခန်းတွေကို အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင် တိုက် ခိုက်မှုတွေ စတင်လာပါတယ်။
သတင်းပေးပို့ချက်တွေထဲမှာတော့ ကရင်နီပြည်သား မဟုတ်တဲ့သူတွေကို ပြည်နယ်ခြား ဖြတ်သန်းခွင့်ကတ်ပြား ထုတ်ပေးပြီး ကရင်နီပြည်တွင်း ဝင်ထွက်ခွင့်ကို ကြီးကြပ်သွားဖို့ (IEC) က လုပ်သွားဖို့ ရှိနေတဲ့အကြောင်းနဲ့ တခြားစိတ်ဝင်စားစရာ သတင်းတွေကို နားဆင်ရဖို့ ရှိနေပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။