Network Media Group (NMG)

သတင်းထုတ်လွှင့်ချက် - (EP - 463)

NMG

သတင်းထုတ်လွှင့်ချက် - (EP - 463)

ဇွန်လ ၂ ရက်၊ ၂၀၂၅ ခုနှစ်။

ဒီကနေ့ သတင်းတွေထဲမှာတော့ ဆီဆိုင်မြို့နယ်ထဲက တိုက်ပွဲမှာ ဖမ်းဆီးခံလိုက်ရတဲ့ ပအိုဝ်းအမျိုးသား လွတ် မြောက်ရေး တပ်မတော်- PNLA က တပ်ဖွဲ့ဝင် ၅ ယောက်ကို စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ်အဖွဲ့ - PNO က ပစ်သတ်လိုက်ပါတယ်။

လားရှိုးမြို့နယ်ထဲမှာ ရှမ်းပြည်တပ်မတော် SSPP နဲ့ ကိုးကန့်တပ်မတော် MNDAA တို့အကြား တိုက်ပွဲဖြစ်ပြီး သေဆုံးမှုတွေ ရှိခဲ့ပါတယ်။

စစ်ကောင်စီက ဇွန်လကုန်အထိ အပစ်ရပ်ကြောင်း ကြေညာလိုက်ပါတယ်။

ရုရှားနိုင်ငံ အတွင်းပိုင်း ရှေ့တန်းနဲ့ မိုင်ထောင်ချီဝေးတဲ့ လေတပ်အခြေစိုက် စခန်းတွေနားမှာ ဘာတွေဖြစ်နေသလဲ

ထိုင်းနိုင်ငံမှာ ဆိုင်ကယ် ဦးထုပ်မဆောင်းဘဲ ဆိုင်ကယ်စီးတဲ့ လူတွေကို ဖမ်းဆီးဒဏ်ရိုက်မယ့် အကြောင်းတွေကို နားဆင်ရဖို့ ရှိနေပါတယ်။

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။