Network Media Group (NMG)

လူမျိုးစုတွေကြားက ပဋိပက္ခတွေရဲ့ အကျိုးဆက်တွေက ဘာတွေဆက်ဖြစ်လာသလဲ?

NMG

လူမျိုးစုတွေကြားက ပဋိပက္ခတွေရဲ့ အကျိုးဆက်တွေက ဘာတွေဆက်ဖြစ်လာသလဲ? (သတင်းဆောင်းပါး)

သတင်းထုတ်လွှင့်ချက် - (EP - 509)

မြန်မာနိုင်ငံနဲ့ အိမ်နီးချင်း ကပ်လျက်ရှိနေတဲ့ အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်ထဲမှာ တိုင်းရင်းသား ပဋိပက္ခကြီး ဖြစ်ပွားခဲ့ပါတယ်။ 

လူအများစု ဖြစ်တဲ့ ကသည်း လို့ခေါ်တဲ့ ပုဏ္ဏား လူမျိုးတွေနဲ့ ကူကီးလူမျိုးတွေကြားမှာ ၂၀၂၃ ခုနှစ် အတွင်းမှာ ဖြစ်ပွားခဲ့တာပါ။ 

အဲဒီ ပဋိပက္ခအတွင်း အပြန်အလှန် ရွာတွေ မီးရှို့၊ လူတွေ သတ်ခဲ့တာကြောင့် လူပေါင်း ၂၀၀ ဝန်းကျင် သေဆုံးခဲ့ပြီး လူပေါင်း ၇၀,၀၀၀ လောက် ရွှေ့ပြောင်းခဲ့ရပါတယ်။ 

အဲဒီ ပဋိပက္ခရဲ့ နောက် ခံ အကြောင်းအရင်းက ဘာတွေပါလဲ၊ အဲဒီဒေသမှာ နေထိုင်တဲ့ မြန်မာတွေရဲ့ အမြင်က ဘယ်လို ရှိပါသလဲ၊ အဲဒီ ပဋိပက္ခကြောင့် အကျိုးဆက်တွေက ဘာတွေ ရှိခဲ့ပါသလဲ ဆိုတာတွေကို တင်ဆက်ထားပါတယ်။ 

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။