Network Media Group (NMG)

ထိုင်းနိုင်ငံမှာ မြန်မာဒုက္ခသည်တွေကို အလုပ်လုပ်ခွင့် စပေးလိုက်ပါပြီ

NMG

Use Left/Right to seek, Home/End to jump to start or end. Hold shift to jump forward or backward.

0:00 | 10:40

ထိုင်းနိုင်ငံမှာ မြန်မာဒုက္ခသည်တွေကို အလုပ်လုပ်ခွင့် စပေးလိုက်ပါပြီ

သတင်းထုတ်လွှင့်ချက် - (EP - 522)

ဒီကနေ့ အစီအစဉ်တွေ ထဲမှာတော့ ... နမ္မတူ လေကြောင်း တိုက်ခိုက်ခံရမှုထဲ ကျောက်မဲက စစ်ရှောင်တွေ အပါအဝင် ပြည်သူ ၄ ယောက် သေဆုံးခဲ့ပါတယ်။

ဗန်းမော်တိုက်ပွဲမှာတော့ အရေးပါတဲ့စခန်းတချို့ကို KIA က ပြန်သိမ်းယူလိုက်ပါတယ်။

နှစ်ပေါင်း ၄၀ ကျော် နယ်စပ်က ဒုက္ခသည်စခန်းတွေမှာနေနေရတဲ့ မြန်မာဒုက္ခသည်တွေ အောက်တိုဘာ ၁ ရက်နေ့ကစလို့ ထိုင်းနိုင်ငံထဲမှာ တရားဝင် အလုပ်လုပ်ခွင့်ရပြီ ဖြစ်ပါတယ်။ 

ပဲပိစပ်ကို တရုတ်နိုင်ငံက ဆွေးနွေးညှိနှိုင်းရေး နည်းဗျူဟာ အဖြစ် အသုံးပြုနေတယ်လို့ သမ္မတထရန့်က ပြောလိုက်ပါတယ်။ 

ရုရှားနိုင်ငံရဲ့ သင်္ဘောတစ်စီးကို ပြင်သစ်ရေတပ်က စီးနင်းပြီး အဆင့်မြင့်အရာရှိ နှစ်ယောက်ကို ထိန်းသိမ်း လိုက်ပါတယ်။ 

ဆွီဒင်ခရိုနာ သန်းပေါင်း ၇၇၅ သန်းကို အကူအညီသစ်အဖြစ် ပံ့ပိုးမှုထဲ မြန်မာနိုင်ငံလည်း ပါဝင်ပါတယ်။ 

အိန္ဒိယ ထိပ်တန်း မင်းသား ဗီဂျေး (Vijay) ရဲ့ မဲဆွယ်ဟောပြောပွဲမှာ လူ ၃၉ ယောက် သေဆုံးခဲ့ပါတယ်။  ဒီသတင်းတွေကို စမိုင်းလ်က တင်ဆက်ထားပါတယ်။

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။