Network Media Group (NMG)

၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလား ပွဲစဉ်တွေအတွက် လက်မှတ်တွေ ရောင်းပေးနေပြီ

NMG

Use Left/Right to seek, Home/End to jump to start or end. Hold shift to jump forward or backward.

0:00 | 11:50

၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလား ပွဲစဉ်တွေအတွက် လက်မှတ်တွေ ရောင်းပေးနေပြီ

သတင်းထုတ်လွှင့်ချက် - (EP - 523)

ဒီကနေ့ အစီအစဉ်တွေ ထဲမှာတော့ ... ရွှေဘိုမြို့မှာ စစ်ကော်ရှင်တပ်ရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ကိုရင် ၄ ပါး ပျံလွန်တော်မူခဲ့ပြီး ဘုန်းကြီး ၇ ပါး ထိမှန်ဒဏ်ရာ ရခဲ့ပါတယ်။

ကျောက်မဲတိုက်ပွဲထဲ အရပ်သား ပြည် သူ ၁၅ ယောက်ထက်နည်း သေဆုံးမှု ရှိခဲ့တယ်လို့ ဒေသတွင်း အရပ် ဘက် အဖွဲ့အစည်းတွေက ပြောပါတယ်။

စက်တင်ဘာလအတွင်း ရခိုင်မှာ စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုထဲ အပြစ်မဲ့ပြည်သူ ၂၃ ယောက် သေဆုံးခဲ့ ပါတယ်။

မန္တလေးမြို့လယ်မှာ ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှု လုပ်ခဲ့ကြပါတယ်။

မော်ရိုကိုနိုင်ငံမှာ Gen-Z လှုပ်ရှားမှုတွေ ဖြစ်ပွားနေပါတယ်။ 

ဖိလစ်ပိုင်နိုင်ငံက အားပြင်းတဲ့ ငလျင်ထဲမှာ ငလျင်ဒဏ် တိမ်းရှောင်ရင်း လမ်းမှာ အမျိုးသမီး တယောက် ကလေးမွေးခဲ့ပါတယ်။

၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလား ပွဲစဉ်တွေအတွက် လက်မှတ်တွေကို ဗုဒ္ဓဟူးနေ့က စပြီး ရောင်းချပေးနေပြီ ဖြစ်ပါ တယ်။ ဒီသတင်းတွေကို စမိုင်းလ်က တင်ဆက်ထားပါတယ်။

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။