Network Media Group (NMG)

ဒုက္ခသည်စခန်းမှ စီးပွားရေးစစ်မြေပြင်ဆီသို့ Win-Win မူဝါဒအောက်မှ ခယောင်းလမ်း (သတင်းဆောင်းပါး )

NMG

Use Left/Right to seek, Home/End to jump to start or end. Hold shift to jump forward or backward.

0:00 | 7:45

ဒုက္ခသည်စခန်းမှ စီးပွားရေးစစ်မြေပြင်ဆီသို့  Win-Win မူဝါဒအောက်မှ ခယောင်းလမ်း (သတင်းဆောင်းပါး )

သတင်းထုတ်လွှင့်ချက် - (EP - 524)

ဒီနေ့ ရဲ့ Podcast အစီအစဉ်မှာ တင်ဆက်ပေးမယ့် သတင်းဆောင်းပါးကတော့ နှစ်ပေါင်း ၄၀ ကျော်ကြာ ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည် စခန်းတွေမှာ မျှော်လင့်ချက်မဲ့စွာ နေထိုင်ခဲ့ရတဲ့ မြန်မာဒုက္ခသည် တစ်သိန်းနီးပါးရဲ့ ဘဝ အလှည့်အပြောင်း အကြောင်း ဖြစ်ပါတယ်။

'မျှော်လင့်ချက်တွေ ကုန်ဆုံးပြီလား' လို့ ရင်တွင်းစကားဆိုခဲ့ရတဲ့ ထိုင်း-မြန်မာ နယ်စပ်က ဒုက္ခသည် တစ်သိန်း နီးပါး အတွက် အမှောင်ထုကြားက ရောင်ခြည် တစ်ခု ထိုးထွက်လာပါပြီ။

ဩဂုတ်လ ၂၆ ရက်နေ့မှာ ထိုင်းအစိုးရဟာ ဒုက္ခသည် ၄၂,၀၀၀ ကျော်ကို တရားဝင် အလုပ်လုပ်ခွင့်ပြုမယ့် သမိုင်းဝင် ဆုံးဖြတ်ချက်ကို ချမှတ်လိုက်ပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ စားနပ်ရိက္ခာ ရပ်ဆိုင်းမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ဒုက္ခသည်တွေအတွက် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့ ကြိုးပမ်းရတဲ့အထိ ဆိုးရွားလာတဲ့ အခြေအနေကနေ ရုန်းထွက်ဖို့ 'Win-Win' အဖြေ ဖြစ်လာ မလား။

လက်တွေ့ အကောင်အထည်ဖော်မှုမှာ ကြုံတွေ့ရမယ့် ခယောင်းလမ်း စိန်ခေါ်မှုတွေကို ဒုက္ခသည်အရေး၊ အမျိုးသမီးအရေး လှုပ်ရှားနေသူတွေနဲ့ စစ်ရှောင်တွေကို မေးမြန်းပြီး တင်ဆက်ပေးထားပါတယ်။