Network Media Group (NMG)
Network Media Group: Independent News Agency Producing Multimedia Products can be seen on http://www.nmg-news.com, founded 2001 April 1.
Network Media Group (NMG)
‘စစ်ကော်မရှင်တပ်အတွင်းက ဖိနှိပ်ကွင်းဆက်နှင့် ပြည်သူ့ စစ်မှုထမ်းတို့၏ ဘဝ’ ( သတင်းဆောင်းပါး )
Use Left/Right to seek, Home/End to jump to start or end. Hold shift to jump forward or backward.
‘စစ်ကော်မရှင်တပ်အတွင်းက ဖိနှိပ်ကွင်းဆက်နှင့် ပြည်သူ့ စစ်မှုထမ်းတို့၏ ဘဝ’ ( သတင်းဆောင်းပါး )
သတင်းထုတ်လွှင့်ချက် - (EP - 525)
ဒီနေ့ ရဲ့ Podcast အစီအစဉ်မှာ တင်ဆက်ပေးမယ့် သတင်းဆောင်းပါးကတော့ စစ်ကော်မရှင်တပ်အတွင်းက ဖိနှိပ်မှုကွင်းဆက်နဲ့ ပတ်သက်ပြီး စိတ်မချမ်းမြေ့စရာ အခြေအနေတွေကို တင်ဆက်ပေးပါမယ်။
ပြည်သူ့စစ်မှု ထမ်း ဥပဒေနဲ့ အတင်းအဓမ္မ ခေါ်ယူခံထားရတဲ့ တပ်သားသစ်တွေဟာ အရာရှိတွေရဲ့ ဖိနှိပ်မှုအပြင်၊ သူတို့နဲ့ ရာထူးတူ စစ်သည်တွေရဲ့ အနိုင်ကျင့်မှုတွေကိုပါ ခံစားနေရပါတယ်။
'ကိုယ့်အဖေအရွယ် ခေါင်းဖြူကြီးတွေကိုတောင် သားအရွယ်တွေက အနိုင်ကျင့်နေတာ' လို့ KNDF ထံ ခိုလှုံလာတဲ့ တပ်သားတစ်ဦးက ဖွင့်ဟလိုက်ပါတယ်။
ဒီလို ခွဲခြားဆက်ဆံမှု၊ ဒဏ်ရာရရင် ဆေးကုသခွင့်မရဘဲ လူသားဒိုင်းအဖြစ် အသုံးချခံရမှု တွေကြောင့် ဇန်နဝါရီ လကနေ စက်တင်ဘာလအထိ စစ်သည် ၂,၁၂၁ ယောက်ဟာ စစ်တပ်ကနေ ရုန်းထွက်ခဲ့ရတယ်လို့ မှတ်တမ်းတွေက ဖော်ပြနေပါတယ်။
အသေးစိတ်ကိုတော့ ဒီးမော့ဆို စစ်မြေပြင်က ထွက်ပြေးလာသူနဲ့ တာဝန်ရှိသူတို့ရဲ့ ဖွင့်ဟပြောဆိုချက်တွေနဲ့အတူ တင်ဆက်ပေးထားပါတယ်။