Network Media Group (NMG)

"မြေမြှုပ်မိုင်း အန္တရာယ်ကင်းတဲ့ လမ်းကြောင်းကို ဘယ်လိုရွေးချယ်မလဲ"

NMG

Use Left/Right to seek, Home/End to jump to start or end. Hold shift to jump forward or backward.

0:00 | 8:21

"မြေမြှုပ်မိုင်း အန္တရာယ်ကင်းတဲ့ လမ်းကြောင်းကို ဘယ်လိုရွေးချယ်မလဲ"

သတင်းထုတ်လွှင့်ချက် - (EP - 527)

ဒီကနေ့တော့ မြန်မာနိုင်ငံသားတွေ နေ့စဉ်နဲ့အမျှ ရင်ဆိုင်နေရတဲ့ မြေမြှုပ်မိုင်းအန္တရာယ် ကင်းရှင်းဖို့အတွက် ဘယ်လိုလမ်းကြောင်းတွေ ရွေးချယ်သွားလာသင့်တယ်ဆိုတာကို အသေးစိတ် တင်ဆက်ပေးသွားပါမယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ကျောက်မဲမြို့မှာ သုဘရာဇာ ဦးပလောင်နဲ့ ၁၄ နှစ်အရွယ် နွားကျောင်းသားလေး မောင်အိုက်လော့တို့ဟာ ဘယ်လက်နက်ကိုင်အဖွဲ့နဲ့မှ မပတ်သက်ဘဲ မြေမြှုပ်မိုင်းကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့ ဝမ်းနည်းစရာ ဖြစ်ရပ်နှစ်ခုဟာ မိုင်းအန္တရာယ် ဘယ်လောက် ကြီးမားနေတယ်ဆိုတာကို ပြသနေပါတယ်။

UNICEF ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၄ ခုနှစ် ပထမ ၉ လအတွင်းမှာပဲ မြန်မာတစ်နိုင်ငံလုံးမှာ မြေမြှုပ်မိုင်းနဲ့ စစ်လက်နက်အကြွင်းအကျန်တွေကြောင့် အရပ်သား ၈၈၉ ယောက် သေဆုံးထိခိုက်ခဲ့ရပြီး၊ ဒီထဲက ၂၅ ရာခိုင်နှုန်း ဟာ ရှမ်းပြည်မှာ ဖြစ်ပွားခဲ့တာပါ။

ဒါကြောင့် ဒီလို အသက်အန္တရာယ်ရှိတဲ့ နေရာတွေမှာ ဘယ်လိုနေရာတွေကို ရှောင်ရမယ်၊ ဘယ်လိုလမ်းကြောင်း တွေကို ရွေးချယ်သွားလာရမယ်ဆိုတဲ့ မိုင်းကင်းရှင်းရေး လမ်းညွှန်ချက် တွေကို ဆက်လက် နားဆင်ပေးကြပါရန် တိုက်တွန်းလိုပါတယ်ရှင်။